Tuesday, February 3, 2015

apk မလို ဖွက်နည်း

apk မလိုဘဲနဲ့ photo တွေ
video တွေ ဖျောက်နည်းတဲ့
စမ်းကြည့်တော့ တစ်ကယ်ပဲဗျ
ကိုယ်ဖျောက်ချင်တဲ့ ဖိုင်တစ်ခုရဲ့ရှေ့မှာ
ဥပမာ-  Photo ဖိုင်ဆိုရင်
အဲဒီ Photo ရဲ့ရှေ့ (Pရှေ့လေးမှာပေါ့ )
ပို့စတော့လေး   .Photo လေးလို့ နာမည် ရေးပေးလိုက်ပါ
အံ့သြော်စရာပါပဲ gallery ထဲမှာ အဲဒီ Photo
ဖိုင်က ဓာတ်ပုံလေးတွေ မရှိတော့ပါဘူး
ပျက်သွားတာ မဟုတ်ပါဘူး
ပျောက်သွားတာပါ ပြန်ပေါ်စေချင်ရင် file manager ထဲပြန်ဝင်ပီး  .Photo ရဲ့ရှေ့က
ပို့စတော့လေးကို ပြန်ဖျက်ပေးလိုက်ပါ Okသွားပါမယ်

နောက်ပီး video ဆိုလည်း နောက်တစ်နည်းရှိပါတယ် ဥပမာ-
pagosu.mp4ဆိုရင် အဲဒီ mp4နေရာမှာ
တစ်ခြားနာမည်တခုခု ထည့်ရေးလိုက်ကြည့်ပါ
pagosu.abc ဒါဆို ကြည့်မရတော့ပါဘူး
ဒါပေမဲ့ တစ်ချို့သော အဆင့်မြင့်တဲ့ file manager တွေဆို ရင် အဲဒီနည်းနဲ့မရပါဘူး
Es File Manager တို့လိုပေါ့ အဲကောင်တွေက
အဆင့်မြင့်ပါတယ် Zip File တို့ကိုတောင် အဲမှာ
ပဲဖြည်လို့ရတယ်လေ ထားပါ

နောက်ပီး pagosu.mp4နေရာမှာ
pagosu.mp3လို့ ရေးကြည့် အသံလေးတော့
သင်ကြားရလိမ့်မယ် တစ်ကယ်ပါ တစ်ချို့video
ဖိုင်တွေက mp4,mpeg,စသည်ဖြင့်ပေါ့နော်
အမျိုးမျိုးရှိတတ်ပါတယ် တစ်ချို့ဖိုင်တွေဆို
ဖုန်းမှာပါတဲ့ Playerနဲ့ကြည့်လို့မရတတ်ပါဘူး
ဖြစ်တတ်ပါတယ် အဲလိုမျိုးတွေနဲ့ ကြုံခဲ့ရင်
လူသုံးများတဲ့ MX Player တို့ဘာတို့ညာတို့နဲ့ တစ်ချက်လောက် စမ်းကြည့်ကြပါ MX Player တို့က file တော်တော်များများကို ဖတ်ပေးပါတယ် ဒီလောက်ပါပဲဗျာ………

အဆင်ပြေပါစေ……………


PGS THAR LAY

No comments:

Post a Comment